မင်္ဂလာဒုံ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

မင်္ဂလာဒုံ ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြင့်သူအောင်ဦးဆောင်သည့် ဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်က ပန်းခင်းစီမံချက်ဖြင့် မင်္ဂလာဒုံမြို့နယ်၊ ထောက် ကြန့်ရွာမရပ်ကွက်ရှိ ပြည်သူများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲအခမ်းအနား ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးမြင့်သူအောင်ကပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများမှကျယ်ကျယ် ပြန့်ပြန့်သိရှိစေရန်နှင့် ဥပဒေနှင့်ညီညွတ်ပါက အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်သူ များအားရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများပေးအပ်ရာတွင် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမြင့်သူအောင်ဦးဆောင် သည့်ဝန်ထမ်းများက မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်၊ရွာမရပ်ကွက်ရှိရပ်ကွက်ပြည်သူများအား အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၁)ကတ်၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား(၂၇)ကတ်၊စုစုပေါင်း(၄၈)ကတ်တို့အားနိုင်ငံသားစိစစ်ရေးကတ်ပြားများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းကို ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်း၍ မေလ ၃ ရက်နေ့မှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့မွေးဖွားဇာတိမြေ အမြဲနေထိုင်လျက် အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင် လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း မရှိသူများ နှင့် ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

သန္တာ(ပြန်/ဆက်)