ဒေးဒရဲမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး  လိုက်လံနှိုးဆော်

ဒေးဒရဲ ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်း  အိုမီခရွန် (omicrin)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omicron)ရောဂါသည်  ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပြန့်နှံ့မှုများပြားလာနေပြီ ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်လည်း‌ ရောဂါပိုးတွေ့ရှိသူများ ရှိနေပြီဖြစ်သဖြင့် ပြည်သူများအနေဖြင့် မိမိတွင် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကိုလည်း အကြိမ်ရေပြည့်စွာ မပျက်မ ကွက်ထိုးနှံကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် နည်းလမ်းများနှင့်အညီနေထိုင်နိုင်ရေး  မိဘပြည်သူအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန်  Hand Speaker များဖြင့် လှည့်လည်၍ တိုက်တွန်းနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း(ပြန်/ဆက်)