ဆင်ပေါင်ဝဲ ဇန်နဝါရီ ၂၃
မကွေတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ အတွင်းရေးမှူးရဲမှူးမြင့်လွင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမျိုးဇော်ဟိန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၁ နာရီအချိန်က အမှတ်(၈)ကာကွယ်ရေး ပစ္စည်းစက်ရုံ ဝန်းအတွင်းရှိအထက(ခွဲ)ကျောင်း ပြန်လည်ပြုပြင်မှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျောင်းအဆောက်အဦး ဆေးသုတ်ထားရှိမှုအခြေအနေ၊ မျက်မှာကျက်များ တပ်ဆင်ပြီးစီးမှု အခြေအနေများနှင့် မီးလိုင်းများတပ်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များသည် ကျောင်းသူ ကျောင်းသားများ ပညာသင်ကြား နေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကျောင်းသူ/ကျောင်းသားများ အသိပညာပေး ဟောပြောမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း