စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအာ: ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆဌမ အသုတ် (ပထမအကြိမ်) စတင်ထိုးနှံပေး

စဉ့်ကိုင်     ဇန်နဝါရီ   ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ  ရပ်ကွက်  /  ကျေးရွာများမှ အသက်(၁၈) နှစ်အထက် ပြည်သူများအား ဆဌမအသုတ်(ပထမကြိမ်) ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှံပေးခြင်းကို  ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်  ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့  ကာကွယ်ဆေးများ  ထိုးနှံပေးရာတွင်   မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒု မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ(ပြည်သူ့ကျန်းမာ)က ဦးဆောင်၍ ကျန်းမာရေး၀န်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ ပရဟိတအသင်းအဖွဲ့၀င်များ၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိသည်။

စဉ့်ကိုင်မြို့နယ်အတွင်း  ကိုဗစ်-၁၉ ကူးစက်ရောဂါ  ကာကွယ်ထိန်းချုပ်  ကုသရေးကော်မတီဉက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့်  Omicron အပါအဝင်  ကိုဗစ်-၁၉   မျိုးရိုးဗီဇပြောင်း  ရောဂါပိုးကို သတိပြုကာကွယ်ရန်နှင့် ကူးစက် ပြန့်ပွားမှုမဖြစ်စေရေး၊  ကြိုတင်ကာကွယ်   တားဆီးနိုင်စေရန်နှင့်   ရောဂါကူးစက်မှု   လျော့နည်းစေရေးအတွက်   သက်ဆိုင်ရာ   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  ကြီးကြပ်၍ ဌာနဆိုင်ရာများ ၊ မီးသတ်တပ်ဖွဲ့၀င်များ၊  ရပ်ကွက် / ကျေးရွာ   အုပ်ချုပ်ရေးမှူးများ၊  ပရဟိတအဖွဲ့ ၀င်များနှင့်ပူးပေါင်းပြီး    ပြည်သူများ သိရှိလိုက်နာစေရန်၊   အသံချဲ့စက်များ  ၊HandSpaker များဖြင့်     လှည့်လည်ပြီး   အသိပညာပေး    နှိုးဆော်ခြင်းရပ်ကွက် / ကျေးရွာများ အတွင်းဒေသန္တာရ စည်းကမ်းချက်များ၊ ကျန်းမာရေး ၀န်ကြီးဌာနက  ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်းလိုက်နာမှု ရှိ/မရှိ စစ်ဆေးခြင်း၊ အသိပညာပေးလုပ်ငန်းများကို  ဆောင်ရွက်ပေးလျက်ရှိရာ  ကျန်ရှိသူများကိုလည်း သတ်မှတ်ဦးစားပေးအလိုက် နေ့စဉ် ဆက်လက် ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရသည် ။

 ၀င်း၀င်းသန်း