တနင်္သာရီ ဇန်နဝါရီ ၂၃
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ(လဝက)မှူး ဦးတင့်နိုင်နှင့်ဝန်ထမ်းများသည် လူမှုဘဝ ပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ”ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့် သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ရရှိရေးအတွက် တနင်္သာရီမြို့နယ်၊ တမုတ်ချုံးကျေးရွာအုပ်စု၊ ရေဖြူကျေးရွာ-ဘက်စုံသုံးခန်းမဆောင်အတွင်း ဒုတိယနေ့အဖြစ် ဇန်နဝါရီလ၂၂ရက်က ဆက်လက် ပြုလုပ်ပေးကြောင်း သိရသည်။
သို့ဖြစ်၍ ဇန်နဝါရီလ(၂၁)ရက်နှင့်(၂၂)ရက်(၂)ရက်ပေါင်းအဖြစ် နိုင်၃(က) (၂၅)ဦး၊ နိုင်၆(က)(၆၄)ဦး၊ လှဲလှယ်(၂၀)ဦး၊ မိတ္တူ(၃၇)ဦး၊ စုစုပေါင်း(၁၄၆)ဦးနှင့်အိမ်ထောင်စု(၁၂၄)စုတို့ကို ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ တတိယနေ့အဖြစ် ဇန်နဝါရီလ(၂၃)ရက်နေ့တွင် ဆက်လက် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)