ငါန်းဇွန် ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ကျောက်တလုံးကျေးရွာအုပ်စု ကျောက်တလုံးကျေးရွာ အခြေခံပညာအထက်တန်း(ခွဲ)ကျောင်း၌ ယမန်နေ့နံနက် ၁၀နာရီခွဲအချိန်က မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသားကျောင်း သူများအား အသိ ပညာပေးဆွေးနွေးဟောပြောပွဲကျင်းပသည်။
ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်သင်းသင်းဆွေက စားသုံးသူဥပဒေ အကြောင်း၊ စားသုံးသူများ ကုန်ပစ္စည်းဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်မှု ရှိ/မရှိ ကြည့်ရှုဝယ်ယူကြရန် စားသုံးသူများ နစ်နာဆုံးရှုံးမှုအား တိုင်ကြားနိုင်သည့် လိပ်စာ၊ ဖုန်းနံပါတ်တို့ကို ရှင်းလင်းဖော်ပြ ဆွေးနွေးပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးလှိုင်မိုးဟိန်းက ကျောင်းသားကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားအလေ့အကျင့်ကြောင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေသည့်အပြင် အသိ ဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အထောက်အကူဖြစ်စေကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ကိုယ်ခံအား မြှင့်တင်ရေးလှုပ်ရှားမှုအနေဖြင့် ကျောင်းသား ကျောင်းသူ များအား ကိုယ်လက်လှုပ်ရှားအားကစားအဖြစ် Fitness Dance အားကစားသရုပ်ပြ ဆောင်ရွက်ပေးပြီး မြို့နယ်အားကစားမှူးက ကျောင်းတွင်းအားကစားများ ဆောင်ရွက်နိုင်ရေးအတွက် အားက စားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ အထက်တန်းပြဆရာ ဦးအောင်မျိုးထက်က လက်ခံရယူခဲ့ ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)