ကျောက်ဆည် ဇန်နဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာ လှပစေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေများဖြင့် မြို့တွင်းလမ်း/တံတားများ ပြုပြင် ဆောက်လုပ်ပေးခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ပေးခြင်း၊ လမ်းဘေး ဝဲ/ယာများတွင် ပန်းအလှပင်များ၊ အရိပ်ရအပင်များစိုက်ပျိုးပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက် ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အိမ်ထောင်စု(၈၆၈)စု အကျိုးပြုမည့် ကြက်မင်းတွန်ရပ်ကွက်၊ နတ်စင်လမ်းအား ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်(၅.၇၉၇)သန်း အကုန်အကျခံကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှတာဝန်ယူ၍ အရှည်(၅၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၉) လက်မ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများရာ နှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းပေးခြင်းကြောင့် ရပ်ကွက်အတွင်းမှ အိမ်ထောင်စု(၈၆၈)စု၊ လူဦးရေ(၄၀၆၄)ဦးတို့၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍများ ပိုမိုတိုးတက်လာ တော့မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)