Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်းရပ်ကွက်အတွင်းရှိ နေအိမ်များမီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Jan 27,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်းရပ်ကွက်ရှိ နေအိမ်များမီးဘေးလုံခြုံရေး စစ်ဆေး ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ တောင်သူ (၃၁၈) ဦးထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ပွဲကျင်းပ
Jan 27,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စု၊ နံ့သာမြိုင်ကျေးရွာရှိ အမှတ်(၁၅၃၊ ၁၅၃-ဂ)၊ ဦးပိုင်ပေါင်း(၃၂၆)၊ ယာမြေဧရိယာ(၃၁၉.၁၇) ဧကအား တောင်သူပေါင်း(၃၁၈)ဦးထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ပဲခူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Jan 27,2022
ပဲခူးမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးအားကစားကွင်း၌ ယမန်နေ့ ညနေပိုင်းက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ ပဲခူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ငပုတောမြို့နယ်တွင် ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း ဆောင်ရွက်
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းနှင့် သင်္ဘောဆိပ်ရှိစျေး ဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၇)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့၌ ကျန်းမာရေး၀န်ထမ်းများမှ မကူးစက်တတ်သော ရောဂါများအား ဆက်လက် စစ်ဆေးဆောင်ရွက်
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ယမန်နေ့ ၁၃:၀၀နာရီ အချိန်တွင် ကျန်းမာရေး၀န်ထမ်းများက မကူးစက်တတ်သော ရောဂါများအား စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲ ကျင်းပ
Jan 27,2022
၇၅နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့က မတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 27,2022
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုစာအုပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၂၅ ရက်၊ နံနက်ပိုင်းမှစတင်ပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ စာကြည့်တိုက်ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲဆောင်ရွက်
Jan 27,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
20435
Page
20436
Page
20437
Page
20438
Current page
20439
Page
20440
Page
20441
Page
20442
Page
20443
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department