သတင်းများ

ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းအတွင်း ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Jan 27,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေးစာဖတ်ခန်း၌ ယနေ့နံနက် (၁၁)နာရီအချိန်က ပြုလုပ်ခဲ့သည်။
ကျိုက်မရော၌ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 27,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ အ.ထ.က ကျိုက်မရော(ပညာအားမာန်) ခန်းမ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ဗဟန်းမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန် ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Jan 27,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်း ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကို ဆက်လက်ကာကွယ် ထိန်းချုပ်နိုင်ရန် အတွက် ကာကွယ်ဆေးများကို ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းနှင့် အသက် ၁၈ နှစ်နှင့် အထက် ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဗဟန်း မြို့နယ်၊ ကြားတောရလမ်းရှိ မင်္ဂလာစျေးဓမ္မာရုံနှင့် သိမ်ကြီးစျေးဓမ္မာရုံတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
ရသေ့တောင်မြို့၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်များ ခင်းကျင်းပြသ
Jan 27,2022
ရခိုင်ပြည်နယ် ရသ့တောင်မြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက်ပြည်သူများအားဆဌမအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ
Jan 27,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား ဆဋ္ဌမ အသုတ်၊ ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရ သည်။ 
ကျွန်းစုမြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Jan 27,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စုအတွင်းရှိ အုတ်ဖိုမော် ကျေးရွာတွင် “ပန်းခင်းစီမံချက်”ဖြင့် ယမန်နေ့က အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မြို့နယ်လဝကရုံးက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ ကြိမ်ပင်ဆယ်ကျေးရွာရှိ ဗိုလ်မြတ်ထွန်း တံတားအောက် ဧရာဝတီမြစ် ကမ်းဘေးတွင် "ဧရာမင်္ဂလာကုမ္ပဏီ"မှ ဆောင်ရွက်လျက်ရှိသော အတွင်းတာ‌မြင့် တာခြေထောက်လုပ် ငန်းနှင့် တံတားအောက်ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ကွန်ကျူပိုက်ချ ဆောင်ရွက်မည့်လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး ခဲ့သည်။
မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Jan 27,2022
ရှမ်းပြည်နယ်( မြောက်ပိုင်း )၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။