အလုံ ဇန်နဝါရီ ၂၇
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုအထိမ်းအမှတ် နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်ပြပွဲကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများ၊ ပြည်ထောင်စု နေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ကြသော တိုင်းရင်းသား ကိုယ်စားလှယ်များ (၂၃)ဦး၏ ဓာတ်ပုံနှင့် အတ္ထုပ္ပတ္တိများ၊ ဆောင်ပုဒ်များ၊ ကဗျာများကို နံရံကပ်စာစောင်များဖြင့် ဝေဝေဆာဆာပြသ ဆောင်ရွက်ခြင်းနှင့် ပြည်သူများ စာပေဖတ်ရှုတတ် သော အလေ့အကျင့်ကောင်းများ ရရှိစေရန် သုတ၊ ရသစာအုပ်များ (၂၀၀)အုပ်ကို ခင်းကျင်း ပြသခြင်းများကို ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပြပွဲသို့ မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် ပြန်/ဆက်