သတင်းများ

လှိုင်မြို့နယ်တွင် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Jan 27,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်တွင် ယမန်နေ့နံနက် ၀၈း၀၀နာရီမှ ၀၈း၄၅နာရီအထိ လှိုင်မြို့နယ်၊ ၁၂ရပ်ကွက်၊ အင်းစိန်လမ်း၊ လှိုင်ရတနာ​စျေးအတွင်း နှာ​ခေါင်းစည်း Mask များဖြန့်​ဝေခြင်း၊ လက်ကမ်းစာ​စောင်များဖြန့်​ဝေခြင်းနှင့် အသိပညာ​ပေး ဗီနိုင်းပိုစတာကပ်ခြင်းများအား​ မြောက်ပိုင်းခရိုင် ကျန်းမာ​ရေး​ဌာနမှ​ လက်​ထောက်ဌာနမှူး ဒေါက်တာ​ရွှေ​ဘော် ဦး​ဆောင်၍ မြို့နယ် ကျန်းမာ​ရေးတာဝန်ခံ၊​ စျေးတာဝန်ခံတို့ဖြင့်​ ဆောင်ရွက်ခြင်းအား ပူးပေါင်း​ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ရွှေဘိုမြို့နယ်တွင် ပဉ္စမအသုတ်(ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျေးရွာများအရောက် ထိုးနှံပေးလျက်ရှိ
Jan 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေး သူများအား ပဉ္စမအသုတ်(ပထမအကြိမ်)အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျေးရွာများ အရောက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံက သိရသည်။
ငရုတ်ကောင်းမြို့၌ သတင်းထုတ်ပြန်မှုများအား သိရှိနိုင်ရန် အသိပေးနိုးဆော်ခြင်း ဆောင်ရွက်
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်သည့် ဝါဒဖြန့်မှုများတွင် ပြည်သူများအနေဖြင့် ပါဝင်ပတ်သတ် ခြင်းမရှိစေရန် ယမန်နေ့ ညနေ ၅ နာရီက မြို့ပေါ်ရပ်ကွက်များ အတွင်း လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် စာရေးဆရာ နေနေနိုင်သူ၏ “ဘဝအောင်မြင်ရေး လူ့သဘာ ဝတ္ထအပိုင်းအစများ” စာအုပ်မိတ်ဆက်ပွဲကျင်းပ
Jan 27,2022
အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် မာဂဓီ-သာစည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော်အရှင်နေမိန္ဒ (ပဓာနနာယက ကျောင်းအုပ်ဆရာတော်) စာရေး ဆရာနေနေနိုင်သူရေးသားခဲ့သော “ဘဝအောင်မြင်ရေး လူ့သဘာဝတ္ထအပိုင်းအစများ” စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို  ယမန်နေ့ မွန်းလွဲ(၂)နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
ပလောက်မြို့တွင် အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်အား အသိပညာပေး နှိုးဆော်
Jan 27,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် အကြမ်းဖက်အုပ်စုများ ဖြစ်သည့် CRPH ၊ NUG နှင့် ယင်းတို့ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Pageများမှ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုအား ကြောက်ရွံ့ ထိတ်လန့်မှုဖြစ်ပေါ်စေရန် ရည်ရွယ်၍ လှုံ့ဆော်မှုများအပေါ် ပြည်သူများအနေဖြင့် လိုက်ပါလုပ်ဆောင်မိပါက ဥပဒေအရ အရေးယူခံရနိုင်သဖြင့် အများပြည်သူသိရှိနိုင်စေရေး အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခြင်းလုပ်ငန်းကို ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပါဝင်သော အဖွဲ့များက ယမန်နေ့  ညနေပိုင်းအချိန်က စတင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် တောင်သူပညာပေးသင်တန်းဖွင့်လှစ်
Jan 27,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ အင်းကုန်းကျေးရွာတွင် တောင်သူ ပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ (၂) နာရီ အချိန်ခန့်က ကျေးရွာအုပ်ချုပ်ရေးမှုးရုံး၌ ဖွင့်လှစ်ခဲ့သည်။
ကသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေး ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်ပေး
Jan 27,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၌ ထပ်မံရောက်ရှိလာသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် မကျန်ရှိစေရေးအတွက် ကာကွယ်ဆေး မထိုးနှံရသေးသူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်မှစ၍ ကသာ မြို့တော်ခန်းမတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
လိပ်သိုမြို့လမ်းဦးစီးဌာနမှ သံကူကွန်ကရစ် တံတားသစ်များ တည်ဆောက်ပြီးစီးပြီဖြစ်၍ ယခင်ကထက်သွားလာမှု အဆင်ပြေလျက်ရှိ
Jan 27,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ လမ်းဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့ သော တောင်ငူ-(ကျောက်တိုင်)-လိပ်သို-ယာဒို-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်း (NH-21)(ကရင်ပြည်နယ်)လမ်းပိုင်း ပေါ်ရှိသံကူကွန်ကရစ် တံတားငယ် (၇)စင်း၊ Box Culvert (၇)ခု တည် ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးသွားခဲ့ပြီဖြစ်၍ ခရီးသည်နှင့် မော်တော်ယာဉ် များ ဖြတ်သန်းသွားလာလျက်ရှိရာ ယခင်ကထက် သွားလာမှု ပိုမိုမြန်ဆန် အဆင်ပြေလျက် ရှိကြောင်း ယာဉ်မောင်းများထံမှ သိရသည်။