မောင်တော ဇန်နဝါရီ ၂၇
ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်းရပ်ကွက်ရှိ နေအိမ်များမီးဘေးလုံခြုံရေး စစ်ဆေး ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၉ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး မင်းကျော်နိုင်ဦးဆောင်၍ တပ်ဖွဲ့ဝင်များက မြို့မကညင်တန်း ရပ်ကွက်၊ အလယ်ရွာရှိ နေအိမ်များသို့သွားရောက်ကာ ပြည်သူလူထုများအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးနှင့် မီးဘေး ကြောင့် ဒေသခံပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက်မီးကို စနစ်တကျအသုံးပြုစေရေး၊ အမှိုက်သရိုက် များအား စနစ်တကျစွန့်ပစ်ရေး၊ ဆေးလိပ်သောက်သုံးသူများဖြင့် ဆေးလိပ်ကိုမီးမငြိမ်းသတ်ဘဲ မစွန့်ပစ်စေရေး၊ လျှပ်စစ်မီးအသုံးပြုသူ မိဘ ပြည်သူများအနေဖြင့် မိမိတို့နေအိမ်များရှိ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများဟောင်း နွမ်းနေပါကလည်း သက်ဆိုင် ရာ လျှပ်စစ်ဝန်ထမ်းများဖြင့် လဲလှယ်တပ်ဆင်အသုံးပြုစေရေး၊ ထင်းမီးဖိုဖြင့်ထမင်း၊ ဟင်းချက်ပြုတ်သူများအနေဖြင့် မီးကြွင်း၊ မီးကျန်များကို စနစ်တကျ မီးငြိမ်းသတ်စေရန်နှင့် နေအိမ်များတွင်လည်း မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေကန် များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်း ကွင်းဆင်းစစ်ဆေး အကြံပြုလမ်းညွန်မှာ ကြားခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ခရိုင် ပြန်/ဆက်)