ပုလောမြို့နယ်တွင် အများပြည်သူသိရှိနိုင်စေရေး သတင်းထုတ်ပြန်ချက်များ လိုက်လံအသိပေး နှိုးဆော်
Jan 27,2022
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်စိုး၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့များက ပုလောမြို့နယ်တွင် အသံတိတ်၊ အသံထွက် သပိတ်များ မပြုလုပ်ကြရန် ယမန်နေ့ ညနေ ၂ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်ထားသည့် သတင်းထုတ်ပြန်ချက်များကို လိုက်လံ အသိပေးနှိုးဆော်ခဲ့ကြ ကြောင်း သိရသည်။