သတင်းများ

ဝေါမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 27,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ရောက်ရှိလာမည့် ဖေဖော်ဝါရီ(၁)ရက်နေ့ အသံတိတ်သပိတ်ပြုလုပ်ခြင်း၊ ဆိုင်ပိတ်ခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်း၊ လက်ခုပ် တီးခြင်း၊ အခြားနည်းလမ်းတစ်ခုခုဖြင့် ဆန္ဒဖော်ထုတ်ခြင်း မပြုလုပ်ရန် တားမြစ်မိန့် ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မများ၏ သတင်းထုတ်ပြန်ထားရှိမှုနှင့် ပတ်သက်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ယမန်နေ့ မွန်းလွဲ ၂ နာရီ တွင် မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးသူ၏ ရင်တွင်းစကားသံများ
Jan 27,2022
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် တားဆီး ကာကွယ်ရေး လုပ့်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုပဲ တွေ့ဆုံမေးမြန်းခဲ့ပါတယ် -
မြစ်သားမြို့၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အထက်တန်းအဆင့် စာစီစာကုံး၊ ပန်းချီနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပ
Jan 27,2022
မန္တလေးတိုင်းဒေသကြီး  မြစ်သားမြို့နယ်  အခြေခံပညာအထက်တန်းကျောင်းတွင်  (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့်ကျောင်းပေါင်းစုံ အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Jan 27,2022
အကြမ်းဖက်အဖွဲ့အစည်းများမှ Silent Strike (အသံတိတ်သပိတ်) ပြုလုပ်ရန် ထုတ်ပြန်ထားမှုနှင့်ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်နိုင်ရန် အသိပေးရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။
ဟိုင်းကြီးကျွန်းမြို့ ၊ မဲခရဲကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၈၀) ကတ်အား ကွင်းဆင်းဆောင်ရွက်လျက်ရှိ
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊   ဟိုင်းကြီးကျွန်းမြို့၊    မဲခရဲကျေးရွာတွင်   လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့ ရှေ့တန်းရုံးမှ ဦးသန့်ဇင်ထွန်း  ဦးဆောင်၍ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း နှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေးလုပ်ငန်းများကို ( ၂၅  )   ရက်နေ့ မှ ( ၂၆  ) ရက်နေ့ထိ နှစ်ရက်ကြာ မဲခရဲကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင်  ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ဝေးလံခက်ခဲသည့် ခေါင်လန်ဖူး ဒေသဖွံ့ဖြိုးတိုးတက်လာစေရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jan 27,2022
မြန်မာပြည်မြောက်ဖျား ဝေးလံခက်ခဲ့သည့် ခေါင်လန်ဖူးဒေသအတွင်း လမ်းများဖောက်လုပ်ပြီးစီးမှုနှင့် မြို့နယ်ဖွံ့ဖြိုးတိုးတက်လာရေး တို့အတွက်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ပူတာအိုမြို့မှတစ်ဆင့် ခေါင်လန်ဖူးမြို့နယ်သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
မအူပင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မြေငလျှင်ဘေး ဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်
Jan 27,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် မြေငလျှင်ဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်နှင့်တပြေးညီ လျှင်မြန်စွာ တုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရန်နှင့် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးထိခိုက်မှုအား လျော့ချနိုင်ရန် ရည်ရွယ်၍ မအူပင်ခရိုင်နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြေငလျှင်ဘေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်မီးသတ်စခန်းရုံးသစ်၌ ပြုလုပ်သည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့တက်ရောက်
Jan 27,2022
ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေ:ကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကားပြောကြားသည်။