မတ္တရာမြို့နယ်၌ တောင်သူ (၃၁၈) ဦးထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ပွဲကျင်းပ

မတ္တရာ   ဇန်နဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ရေနံ့သာကျေးရွာအုပ်စု၊ နံ့သာမြိုင်ကျေးရွာရှိ အမှတ်(၁၅၃၊ ၁၅၃-ဂ)၊ ဦးပိုင်ပေါင်း(၃၂၆)၊ ယာမြေဧရိယာ(၃၁၉.၁၇) ဧကအား တောင်သူပေါင်း(၃၁၈)ဦးထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) ပေးအပ်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)များ ပေးအပ်နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ခဲ့မှု အခြေအနေများ အား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲ့မှုအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းနှင့် တာဝန်ရှိသူများမှ နံ့သာမြိုင်ကျေးရွာရှိ အိမ်ထောင်စု(၃၁၈)ဦး၏ ကိုယ်စား တောင်သူများထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)များ ပေးအပ်ခဲ့ကြ သည်။ ဆက်လက်၍ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)ရရှိသည့် အိမ်ထောင်စု (၃၁၈)စု ကိုယ်စား တောင်သူ ဦးအောင်ဝင်းထွေးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့သည်။

အဆိုပါ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)ပေးအပ်ပွဲသို့ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်  နံ့သာမြိုင်ကျေးရွာမှ အိမ်ထောင်စု (၃၁၈)ဦး၏ ကိုယ်စားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)