စဉ့်ကူး ဇန်နဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုစာအုပ်စာစောင်ပြပွဲကို ဇန်နဝါရီ ၂၅ ရက်၊ နံနက်ပိုင်းမှစတင်ပြီး မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ စာကြည့်တိုက်ခန်းမဆောင်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် သုတ / ရသစာအုပ်များ၊ ပုံပြင်၊ ဝတ္ထု၊ ကဗျာ၊ မဂ္ဂဇင်း နှင့်ရုပ်ပြ စသည် စာအုပ်စာနယ်ဇင်းမျိုးစုံကိုပြသပြီး စာအုပ်စာစောင်ပြပွဲကို လာရောက် ဖတ်ရှုသူ Book Club အဖွဲ့ဝင်များ၊စာပေဝါသနာပါသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးက ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်စာစောင်များလာရောက် ဖတ်ရှုစေခြင်းအပြင် စာအုပ်များငှားရမ်းဖတ်ရှုနိူင်ပါကြောင်းပြောကြားပြီး စာပေဝါသနာရှင်များအား စာအုပ်များကို ငှားရမ်းပေးခဲ့ပြီးနောက် မြန်မာနိုင်ငံပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် သိကောင်းစရာများအသိပညာပေးဟောပြောပွဲကိုလည်း ၂၆ ရက်နေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပခဲ့ကြောင်းသိရှိရသည်။
မြို့နယ် (ပြန်/ဆက်)