ငပုတော ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ မြို့မဈေးအတွင်းနှင့် သင်္ဘောဆိပ်ရှိစျေး ဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၇)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပေးဆောင်ရွက်ရာတွင် ငပုတောမြို့နယ် မြို့မဈေးအတွင်းနှင့် သင်္ဘောဆိပ်ရှိစျေး ဆိုင်ခန်းများ ဖွင့်လှစ်ထားမှု ရှိ/ မရှိနှင့် ယနေ့မှစ၍ ဈေးဆိုင်ခန်းများ စနစ်တကျ ပုံမှန်ရောင်းချရေး လိုက်လံအသိပေးခြင်းနှင့် သတင်းထုတ်ပြန်ချက် လက်ကမ်းစာစောင် (၁၆၀)စောင်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ဖြန့်ဝေပေးခဲ့သည်၊ အဆိုပါ လက်ကမ်းစာစောင်တွင် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေနှင့် အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေတို့တွင် ပါရှိသည့် အကြောင်းအရာများနှင့် ပြစ်မှုပြစ်ဒဏ်များ ပါဝင်ကြောင်း သိရသည်။
လက်ကမ်းစာစောင် ဖြန့်ဝေရာတွင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမောင်မောင်နိုင်နှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)