မတ္တရာမြို့နယ်၌ ၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲ ကျင်းပ

မတ္တရာ    ဇန်နဝါရီ ၂၇

၇၅ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲနှင့် ကဗျာရေးစပ်ပြိုင်ပွဲကို ဇန်နဝါရီလ ၂၆ ရက်နေ့က မတ္တရာမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် “သွေးစည်းချစ်ကြည် ပြည်သစ်တည် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကဗျာရေးစပ်ပြိုင်ပွဲတွင် “ပြည်ထောင်စုစိန်ရတုပွဲ” ခေါင်းစဉ်ဖြင့် လည်းကောင်း ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ ကြသည်။

အဆိုပါပြိုင်ပွဲများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်/ဆက်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆုရရှိသူများကို ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနား တွင် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)