သတင်းများ

သာယာဝတီမြို့တွင် တစ်ပိုင်တစ်နိုင် သံပုရာပင်စိုက်ပျိုးသူ တောင်သူများအနေဖြင့် သံပုရာသီးရောင်းချခြင်းဖြင့် နေ့စဉ်ပုံမှန်ဝင်ငွေရရှိ
Jan 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်ရှိ လှည်းလမ်းကူးအုပ်စု၊ ကိုးပင်ရိုးကျေးရွာတွင် တစ်ပိုင်တစ်နိုင် သံပုရာပင်စိုက်ပျိုးသူ တောင်သူများအနေဖြင့် သံပုရာသီးရောင်းချခြင်းဖြင့် နေ့စဉ် ပုံမှန်ဝင်ငွေ ရရှိနေကြောင်းသိရသည်။
ဝက်လက်မြို့ ၌ ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်း (IPM) နည်းပညာ သင်တန်းဖွင့်လှစ်
Jan 28,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့ စိုက်ပျိုးရေး ဦးစီးဌာနတွင် ယမန်နေ့က ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းနည်း (IPM) နည်ပညာသင်တန်း ဖွင့်လှစ်ကြောင်း သိရသည်။
အမာမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်များအတွင်းရှိ နေအိမ်များမီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Jan 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို အမာမြို့၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက် ၈ နာရီအချိန်က ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ကံမမြို့ အမှတ်(၂)ရပ်ကွက် ခန်းမရုံလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်
Jan 28,2022
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှတ်(၂)ရပ်ကွက်ရှိ ချို့ယွင်းပျက်စီးနေသော ခန်းမရုံလမ်းအား လမ်းသွားလမ်းလာ ပြည်သူများ လွယ်ကူချောမွေ့စွာ သွားလာနိုင်စေရန်အတွက် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။
ထားဝယ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲ အခမ်းအနားကျင်းပ
Jan 28,2022
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
သီပေါမြို့နယ်တွင် အစိုးရ၏ သတင်းထုတ်ပြန်ချက်များအား အများပြည်သူများ သိရှိစေရန် အသိပညာပေး နှိုးဆော်ခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေ
Jan 28,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် အကြမ်းဖက် အဖွဲ့အစည်းများအဖြစ် ကြေညာထားသည့် CRPH၊ NUG နှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများမှ လှုံ့ဆော်ထားသော အသံတိတ်သပိတ်တွင် ပြည်သူများ လိုက်ပါဆောင်ရွက်ခြင်းမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီ အချိန်က လူစည်ကားသည့် မြို့မဈေး၊ ဝက်ဝံယာယီပျံကျဈေးနှင့် ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ အများပြည်သူများသိရှိစေရန်  သတင်းထုတ်ပြန်ချက်အား အသိပေးနှိုးဆော်
Jan 28,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်မြို့နယ်တွင် လူမှုကွန်ရက်များနှင့် လှုံ့ဆော်မှုများတွင် အများပြည်သူပါဝင်မှုမရှိစေရန် သတင်းထုတ်ပြန်ချက်အား အသိပေးကြေညာခြင်းကို ယမန်နေ့က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။
ဖျာပုံမြို့နယ်တွင် ဟင်းသီးဟင်းရွက်ဆီများနှင့် ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိ ကွင်းဆင်းအသိပေး
Jan 28,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများမှ စျေးကွက်အတွင်း ရောင်းချလျက်ရှိသော ဟင်းသီးဟင်းရွက်ဆီများ နှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်း ရှိ/မရှိ ကြိုတင်၍ ကွင်းဆင်းအသိ ပေးဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က၊ ဖျာပုံမြို့ မြို့မစျေးကြီးတွင် စားသုံးဆီအရောင်းဆိုင်များအား လိုက်လံကွင်းဆင်းအသိ ပညာပေးဆောင်ရွက်ကြသည်။