ရသေ့တောင်မြို့၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်များ ခင်းကျင်းပြသ

ရသေ့တောင် ဇန်နဝါရီ  ၂၆

ရခိုင်ပြည်နယ် ရသ့တောင်မြို့၌ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ် မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် စာအုပ်စာစောင်များ ခင်းကျင်းပြသရာတွင် ကျောင်းသား၊ ကျောင်းသူများအသိပညာဗဟုသုတရရှိစေမည့် သုတရသစာအုပ်များ၊ မဂ္ဂဇင်းရုပ်ပြစာအုပ်များနှင့် သတင်းစာဂျာနယ်များအား ခင်းကျင်းပြသခဲ့သည်။

အဆိုပါ စာအုပ်စာစောင်များ ခင်းကျင်းပြသထားရှိမှုအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား လာရောက်လေ့လာဖတ်ရှုကြပြီး မြို့နယ်ဦးစီးမှူးက သိရှိလိုသည်များကို လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။

အောင်စံထွန်း(ပြန်/ဆက်)