ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ညောင်တုန်းမြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ညောင်တုန်း      ဇန်နဝါရီ       ၂၇

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ ကြိမ်ပင်ဆယ်ကျေးရွာရှိ ဗိုလ်မြတ်ထွန်း တံတားအောက် ဧရာဝတီမြစ် ကမ်းဘေးတွင် "ဧရာမင်္ဂလာကုမ္ပဏီ"မှ ဆောင်ရွက်လျက်ရှိသော အတွင်းတာ‌မြင့် တာခြေထောက်လုပ် ငန်းနှင့် တံတားအောက်ရေလမ်းကြောင်း ကောင်းမွန်ရေးအတွက် ကွန်ကျူပိုက်ချ ဆောင်ရွက်မည့်လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး ခဲ့သည်။

ထို့နောက် ယာယီရှင်းလင်းဆောင်တွင် ဧရာဝတီတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး  ဦးကြည်‌ရွှေနှင့် ခရိုင်ရေအရင်းအမြစ်နှင့် မြစ်‌ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ EE ဦးကျော်ကျော်တို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့‌‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)