မိုင်းငေါ့ ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်( မြောက်ပိုင်း )၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်များသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် ကှိဗစ်-၁၉ ရောဂါသည် ယခုအချိန်တွင် ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန် အဖြစ် ကူးစက်ပြန့်ပွားလျက်ရှိရာ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ ပြင်ပမှဧည့် သည်များလက်မခံရန်နှင့် အခြားသူများထံသွားရောက်ခြင်းမပြုရန်၊ အပြင်ထွက်ပါက ပါးစပ်နှားခေါင်း စည်း(mask) ကို စနစ်တကျတပ်ဆင်၍ သွားလာကြရန်၊ လက်ကိုမကြာခဏ ဆပ်ပြာနှင့် စနစ်တကျ စက္ကန့်(၂၀)ကြာဆေးကြောရန်၊ လူထူထပ်သည့် နေရာများသို့ သွားရောက်ခြင်းမှရှောင်ကြဉ်ရန်၊ နှာခေါင်းစည်း (mask) မတပ်ဆင်ထားသော သူများ နှင့်တွေ့ဆုံခြင်း စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ရန်၊ မိမိနေအိမ်အခန်းများကို လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ကြရန်၊ အပြင်မှပြန်လာတိုင်း နှာခေါင်းစည်း(mask) များကို စနစ်တကျ စွန့်ပစ်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ အတိုင်းလိုက်နာကြရန်စသည့် အသိပေးနိူးဆော်ခြင်း များ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရပါသည်။
မြင့်သွယ်(မိုင်းငေါ့-ပြန်/ဆက်)