ကျိုက်မရော ဇန်နဝါရီ ၂၇
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ အသက် ၁၂ နှစ်အထက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်- ၁၉ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှစတင်ကာ အ.ထ.က ကျိုက်မရော(ပညာအားမာန်) ခန်းမ၌ ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။
ယနေ့ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အတွင်းရှိ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသည့် သူများအား ဒုတိယအကြိမ်ဆေးကို ဆက်လက်ထိုးနှံပေးခြင်းဖြစ်ပြီး ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့် ကျောင်းပေါင်း(၃၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀၈)ဦးတို့အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေး ဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကာကွယ်ဆေး ဆက်လက်ထိုးနှံရာသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ အ.ထ.က ကျောင်းများနှင့် အထက(ခွဲ)၊ အလက(ခွဲ)ကျောင်း ပေါင်း၃၇ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၂၀၈)ဦးတို့ လာရောက် ထိုးနှံခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)