ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်းအတွင်း ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

ပေါက်တော     ဇန်နဝါရီ   ၂၇

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေးစာဖတ်ခန်း၌ ယနေ့နံနက် (၁၁)နာရီအချိန်က ပြုလုပ်ခဲ့ သည်။

ထိုသို့ ဆောင်ရွက်ရခြင်းမှာ ကလေးငယ်များအနေဖြင့် အားလပ်သည့်အချိန်များတွင် စာကြည့်တိုက်သို့ လာရောက်၍ စာငှား/စာဖတ်ကြရန်၊ အခြားဂိမ်းကစားခြင်း၊ ပြိုင်ပွဲများကျင်းပခြင်းများတွင် ပူးပေါင်းပါဝင်ကြစေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်ကြပြီး စာကြည့်တိုက်သို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတတ်သည့် အလေ့အထကောင်းများ ဖြစ်ပေါ်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပါသည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ပေါက်တောမြို့၊ အရှေ့ပိုင်းရပ်ကွက်၊ အ.မ.က(မူလွန်)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ (၂၀)ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို မြို့နယ်ဦးစီးမှူးက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)