သတင်းများ

ပင်လုံမြို့ အထက(၁)ကျောင်းတွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ တွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်
Feb 01,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ အထက(၁)ကျောင်းတွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်း၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများတွင် မြို့နယ်အဆင့် ထူးချွန်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်း အနားကို ယနေ့ နံနက်(၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ် အ-ထ-က (ခွဲ)နောင်မိန်းကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့်‌နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကျင်းပ
Feb 01,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီခွဲ အချိန်တွင် အ-ထ-က(ခွဲ)နောင်မိန်း အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါ သည်။
ကံမမြို့ အမှတ်(၄)ရပ်ကွက် စံပြ(၁)လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲကျင်းပ
Feb 01,2022
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အား ဂုဏ်ပြု ကြိုဆိုသောအားဖြင့် အမှတ်(၄)ရပ်ကွက် စံပြ(၁)လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ရပ်မိရပ်ဖများ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
မိုးညိုမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗိုလ်နေဝင်းလမ်း ကတ္တရာလမ်းဖွင့်ပွဲအခမ်းအနားပြုလုပ်
Feb 01,2022
၂၀၂၂ခု နှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခုနှစ် (Mini) ဘတ်ဂျက်တွင် အဖွဲ့ဝင်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ ဗိုလ်နေဝင်းလမ်း ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ပျော်ဘွယ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ(Talk Show)ကျင်းပပြုလုပ်
Feb 01,2022
ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလင်းရောင်လူမှုကူညီရေးအသင်း တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
ဌာနဆိုင်ရာဝန်ထမ်းများမှ သာသနာရေးဆိုင်ရာအလှူငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
Feb 01,2022
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများမှ သာသနာရေးဆိုင်ရာအလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာန သပြေခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့ နေရှင်နယ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ သံဃာတော်(၂၅)ပါးတို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်း
Feb 01,2022
မန္တလေးတိုင်းသေကြီး၊ မြစ်သားမြို့နယ် နေရှင်နယ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ သံဃာတော်(၂၅)ပါးတို့အား ရှမ်းပွဲရပ်ကွက်၊ ရွှေမုဌောဘုရားစောင်းတန်း၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ယနေ့နံနက် ၉ နာရီက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရွှေကူမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Feb 01,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မြစန္ဒီခန်းမ၌ ယနေ့နံနက် ၁၁ နာရီက (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။