မြစ်သား ဖေဖော်ဝါရီ ၁
မန္တလေးတိုင်းသေကြီး၊ မြစ်သားမြို့နယ် နေရှင်နယ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ သံဃာတော်(၂၅)ပါးတို့အား ရှမ်းပွဲရပ်ကွက်၊ ရွှေမုဌောဘုရားစောင်းတန်း၌ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများကို ယနေ့နံနက် ၉ နာရီက ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းရာတွင် မြစ်သားမြို့ ရှမ်းပွဲရပ်ကွက်ရှိ နေရှင်နယ်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရ သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးအေးခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဝန်ထမ်း များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များစုပေါင်း၍ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်း များ လှူဒါန်းခဲ့ကြောင်းသိရသည်။
သီတာအောင်(မြစ်သား)