သတင်းများ

မြစ်ကြီးနားမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် အထိမ်းအမှတ် လေဆိပ်ရှေ့ မလိခဥယျာဉ်ပန်းခြံ ဖွင့်လှစ်
Feb 02,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့်အထိမ်းအမှတ် မလိခဥယျာဉ်ပန်းခြံဖွင့်လှစ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သည်။
သရက်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အလွတ်တန်းဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 02,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ် ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား သရက်မြို့နယ် အလွတ်တန်းဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီက ခရိုင်အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ဖွင့်ပွဲကျင်းပ
Feb 02,2022
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင်၊ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရွှေကျင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကုတင်(၁၀၀) ဆေးရုံလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက ကျင်းပ ခဲ့သည်။
ပုသိမ်ကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်ပြားများ ပေးအပ်
Feb 02,2022
နိုင်ငံတော်အစိုးရအနေဖြင့် လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရန် ရည်သန်၍ နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းကို ပန်းခင်းစီမံချက်တစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိရာ ပုသိမ်ကြီးမြို့နယ်အနေဖြင့်  နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ် ပေးအပ်ခြင်းကို ဖေဖော်ဝါရီလ ၁ ရက်၊ နေ့လည် ၁၂နာရီအချိန်က ပုသိမ်ကြီးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(၁)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကျင်းပ
Feb 02,2022
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့အထိမ်း အမှတ် သံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းသည့်အခမ်းအနားကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက် ၅ နာရီခွဲခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
ကျောက်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးဘဏ်တွင် မိုးကြိုကြံချေးငွေများထုတ်ပေးလျှက်ရှိ
Feb 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ယမန်‌နေ့နံနက်ပိုင်းတွင် ၎င်းတိုရုံး၌ တောင်ဆေးလိပ်၊ ပင်တိန်ကျေးရွာအုပ်စုရှိ ကြံစိုက်ပျိုးသည့် တောင်သူ (၅၈)ဦးအား မိုးကြို ကြံချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ပြည်ထောင်စုနေ့အကြို မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ယနေ့စတင်ယှဉ်ပြိုင်
Feb 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် (၇၅)နှစ်မြောက် ပြည်ထောင်စုအကြိုမြို့နယ်အုပ်ချုပ်ရေး မှူးဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းမှစ၍ မိုင်းရယ်မြို့၊ မြို့နယ်ဘောလုံးကွင်းတွင် စတင် ယှဉ်ပြိုင်နေပြီဖြစ်ကြောင်း သိရသည်။
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ
Feb 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင်မြို့အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေး မှူးရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က တိုးချဲ့ရန် နိုင်အေးရပ်ကွက်ရှိ အဆိုပါရုံးရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။