ဘုတ်ပြင်း ဖေဖော်ဝါရီ ၁
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများမှ သာသနာရေးဆိုင်ရာ အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာန သပြေခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက ဘုတ်ပြင်းမြို့နယ်အတွင်း မကြာမီရက်ပိုင်းတွင် သံဃာအဖွဲ့စည်းအဆင့်ဆင့် ၂၅% (ရာခိုင်နှုန်း) အနားယူ အစားထိုး ရွေချယ်ပွဲ ဆောင်ရွက်မှာဖြစ်သည့် သံဃာအဖွဲ့အစည်းများ သာသနာရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန်အတွက် အလှူငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆို်ငရာများနှင့်အလှူရှင်များမှ အလှူငွေများ အသီးသီးပေးအပ်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြောင်း သိရသည်။ ဌာနဆိုင်များမှ စုပေါင်း၍ လှူဒါန်းငွေများမှာ ငွေကျပ် လေးသိန်းတစ်သောင်းငါးထောင်ကျပ်ကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)