ကံမ ဖေဖော်ဝါရီ ၁
မကွေးတို်ငးဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့အား ဂုဏ်ပြု ကြိုဆိုသောအားဖြင့် အမှတ်(၄)ရပ်ကွက် စံပြ(၁)လမ်း ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းနှင့် အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ ရပ်မိရပ်ဖများ ရပ်ကွက်နေ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်က ကွန်ကရစ်လမ်း ဆောင်ရွက်မှု အခြေအနေအား ရှင်းလင်း၍ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီးနောက် ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
အဆိုပါ ဖွင့်လှစ်ခဲ့သည့် ကွန်ကရစ်လမ်းသစ်မှာ အရှည် ၄၉၀ ပေ ၊ အနံ ၁၂ ပေ၊ ထု ၈ လက်မအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေ ၉၅ သိန်း ၅ သောင်းကျပ်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ သိရသည်။
ကျော်ဇေယျဝင်း(ကံမ)