ပင်လုံမြို့ အထက(၁)ကျောင်းတွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်ပြိုင်ပွဲများ တွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဆုများချီးမြှင့်

ပင်လုံ ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ အထက(၁)ကျောင်းတွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ကျပန်း၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများတွင် မြို့နယ်အဆင့် ထူးချွန်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်း အနားကို ယနေ့ နံနက်(၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီ စာကုံး၊ ကဗျာ၊ ကျပန်း၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများတွင် မြို့နယ်အဆင့် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိခဲ့သော ကျောင်းသား/ ကျောင်းသူများအား အခမ်းအနားသို့ တက်ရောက် လာသော ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး  ဒေါ်ရွှေစင်ဝင်းနှင့် ကျောင်း ကော်မတီများက ဆုများချီးမြှင့်ခဲ့သည်။ အခမ်းအနားသို့ ပင်လုံတက္ကသိုလ်မှ ဒုတိယပါ မောက္ခချုပ်၊ ပင်လုံမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျောင်းကော်မတီများက တက်ရောက်ချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

ပင်လုံ ပြန်/ဆက်