ပျော်ဘွယ် ဖေဖော်ဝါရီ ၁
ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အလင်းရောင်လူမှုကူညီရေးအသင်း တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ယနေ့ ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲ(Talk Show)သည် ကိုဗစ်-၁၉ ရောဂါအကြောင်းကို မိဘ ပြည်သူများ သိရှိစေရန်နှင့် မိမိကိုယ်ကိုကာကွယ်နိုင်ရန်အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ် ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ဆွေးနွေးပွဲကိုကျင်းပရာ မြို့နယ်ဦးစီးမှူး၊ ဒေါ်စန်းစန်းကြူက ယနေ့အချိန်တွင် ကိုဗစ်-၁၉ ရောဂါကို ခံစားနေရသည့်ကာလဖြစ်ခြင်းကြောင့် လူမှုရေးအသင်းအနေဖြင့်ကုသရေး၊ ကာကွယ် ထိန်းချုပ် ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုတို့တွင် ပါဝင်ကူညီဆောင်ရွက်ခဲ့မှု အခြေအနေများ၊ အောက်ဆီဂျင်ရရှိရေး ဆောင်ရွက်ခဲ့မှုအခြေအနေများ စသည်တို့ကိုမေးမြန်းဆွေးနွေးသည်။
အဆိုပါမေးမြန်းဆွေးနွေးမှုများကို အလင်းရောင် လူမှုကူညီရေးအသင်း ဉက္ကဋ္ဌ ဦးကျော်ကျော်ဝင်းက ရှင်းလင်းဆွေးနွေးရာ ကိုဗစ်-၁၉ ရောဂါကာလတွင် ရောဂါဖြစ်ပွားနေသည့် လူနာများကို ၎င်းတို့၏ နေအိမ်မှတဆင့် သက်ဆိုင်ရာကျန်းမာရေးဌာနသို့ လိုက်လံပို့ဆောင်ပေးခဲ့မှုအခြေအနေများ အောက်ဆီဂျင် တည်ဆောက်နိုင်ရေး တစ်ဘက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်ခဲ့မှု အခြေအနေ များ၊ ကာကွယ်ဆေး ထိုးနှံရာတွင်လည်း လိုအပ်သည့်လူအင်အား၊ မော်တော်ယာဉ်များအသုံးပြု၍ ကူညီဆောင်ရွက်ခဲ့မှု အခြေအနေများကို အကျယ်တဝန့်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)