လဲချားမြို့နယ် အ-ထ-က (ခွဲ)နောင်မိန်းကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့်‌နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲအခမ်းအနားကျင်းပ

လဲချား   ဖေဖော်ဝါရီ  ၁

ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက ယနေ့နံနက်(၁၀)နာရီခွဲ အချိန်တွင် အ-ထ-က(ခွဲ)နောင်မိန်း အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ကျင်းပခဲ့ပါ သည်။

အဆိုပါပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးက‌ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ လိုက်နာရမည့် အချက်များကို ကျောင်းသား/ကျောင်းသူများအား ရှင်းလင်းပြောကြားခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် အ-ထ-က(ခွဲ)နောင်မိန်း အခြေခံပညာအထက်တန်းကျောင်းရှိ နိုင်ငံသားစိစစ်ရေးကတ် မပြုလုပ်ရသေးသူ ကျောင်းသား(၁၆)ဦး၊ကျောင်းသူ (၃၂ )စုစုပေါင်း(၄၈)ဦးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စိုးမိုးတို့မှ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (လဲချား)