မိုးညို ဖေဖော်ဝါရီ ၁
၂၀၂၂ခု နှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခုနှစ် (Mini) ဘတ်ဂျက်တွင် အဖွဲ့ဝင်ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဇောတိကရပ်ကွက်ရှိ ဗိုလ်နေဝင်းလမ်း ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားတွင် မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်သက်သက်မာက ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ရပ်မိရပ်ဖ ဦးဝင်းစိန်က ကျေးဇူးတင်စကား ပြောကြားပြီး ဖွင့်ပွဲအထိမ်းအမှတ် အလံများပေးအပ်ရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိထံသို့ လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒေါ်သက်သက်မာမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရဲထွဋ်အောင်သို့လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တာဝန်ခံ အင်ဂျင်နီယာ ဦးဝင်းဇော်ဦးမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဝင်းကျော်ကျော်လွင် ထံသို့ လည်းကောင်း ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကတ္တရာလမ်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ ဥက္ကဋ္ဌနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖဲ ကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
အဆိုပါ ကတ္တရာလမ်းကို ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၊ မိုးညိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခုနှစ် (Mini) ဘတ်ဂျက် အဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည် ၁၀၂၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၉ လက် မရှိပြီး ခွင့်ပြုငွေကျပ် (၃၁.၂၅၈၀)သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။
ကိုမင်း(မိုးညို)