သတင်းများ

မလှိုင်မြို့နယ်တွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်
Feb 02,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် ပြည်သူဆေးရုံတွင် ဆေးကုသ မှု ခံယူနေသော လူနာများအား အာဟာရဒါနသွားရောက်လှူဒါန်းခြင်း၊ မလှိုင်ရွှေမုဋ္ဌော ဘုရားပရဝဏ် အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ညနေပိုင်းတွင် အိုမီခရွန်ရောဂါ ကာကွယ်‌ရေးအတွက် Mask များ ဖြန့်ဝေခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ဖြင့် ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းအား ကွင်းဆင်းစစ်ဆေး
Feb 02,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ မင်္ဂလာရေစင်ကျေးရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းအား ယမန်‌နေ့နေ့လည် (၂)နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း ရွှေဘိုခရိုင်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ရသေ့တောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီစဉ်ဖြင့် သံဃာတော်များအား စားအုန်းဆီများ ဆက်ကပ်လှူဒါန်းခြင်းနှင့် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
Feb 02,2022
ရခိုပြည်နယ် အစိုးရအဖွဲ့အစီစဉ်ဖြင့်  ရသေ့တောင်မြို့ပေါ် ဘုန်းတော်ကြီးကျောင်းများမှ ရဟန်းသံဃာတော်၊ သာမဏေများနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား စားအုန်းဆီများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ​မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်း အနားကို ယမန်နေ့နံနက် ၈ နာရီက စေတီတောင်ဓမ္မာရုံ၌  ပြုလုပ်ခဲ့သည်။
လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့မှ  အမှတ်(၂)ရပ်ကွက် လမ်းသွယ်(၂)  ကွန်ကရစ်လမ်းဖွင့်ပွဲအခမ်းအနား  ကျင်းပ  
Feb 02,2022
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့စည်ပင်သာယာရေးအဖွဲ့၏   ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်  ပထမ(၆)လပတ် ၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်သော လိပ်သိုမြို့ပေါ် အမှတ်(၂)ရပ်ကွက်၊ လမ်းသွယ်(၂)ကွန်ကရစ် လမ်းဖွင့်ပွဲအခမ်း အနားအား   ယနေ့နံနက် (၁၀)နာရီအချိန်က   ကျင်းပခဲ့ကြောင်းသိရသည်။
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့” ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်လူဦးရေစာရင်းများ တွံ​တေး၌ ကွင်းဆင်းဆောင်ရွက်
Feb 01,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၌ “ပန်းခင်း” စီမံချက်ဖြင့် တိုင်းရင်းသား/ ဥပဒေအရ  နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရေး လုပ်ငန်းလမ်းညွှန်ဖြစ်သည့် “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား  ကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ အိုးဖိုအနောက်ရပ်ကွက်ဓမ္မာရုံ၌ ယနေ့နံနက် ၉နာရီက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်းရန် ညှိနှိုင်းအစည်းဝေး ကျင်းပပြုလုပ်
Feb 01,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းဝေးခန်းမတွင် ယမန်နေ့ က အရန်မီးသတ်တပ်ဖွဲ့ဝင်များ ဖွဲ့စည်ရန်း ညှိနှိုင်း အစည်းဝေး ကျင်းပပြုလုပ် ကြောင်းသိရသည်။
တောင်သာမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏နှစ်ပတ်လည်နေ့ ကြိုဆိုထောက်ခံပွဲနှင့် မြန်မာ့တပ်မတော် လူထုထောက်ခံပွဲကျင်းပ
Feb 01,2022
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊တောင်သာမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ နှစ်ပတ်လည်နေ့ ကြိုဆိုထောက်ခံပွဲနှင့် မြန်မာ့တပ်မတော် လူထုထောက်ခံပွဲကျင်းပွဲကို ယနေ့နံနက်(၁၀) နာရီက အမှတ်(၂)ရပ်ကွက် အတွင်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့၌(၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ကတ္တရာထပ်ပိုးလွှာခင်းလမ်းဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 01,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့၌ (၇၅ )နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကတ္တရာထပ်ပိုးလွှာခင်းလမ်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်၁၀နာရီအချိန်က လက်ပံတန်းမြို့ ၊မင်းရပ်ရပ်ကွက်၊ ဘုရားငါးဆူလမ်း၌ကျင်းပခဲ့ကြောင်း သိရသည်။