သာကေတမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာတော်များ ရွေးချယ်ဖွဲ့စည်း
Feb 03,2022
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များရွေးချယ်ပွဲကို ဖေဖော်ဝါရီ(၁)ရက်နေ့ ညနေ (၅)နာရီ အချိန်က အောင်မော်စံစာသင်တိုက် တွင် ကျင်းပပြုလုပ်ခဲ့ရာ ရွေးချယ်ပွဲကြီးကြပ်ရေးအဖွဲ့ဝင် ဆရာတော်များ၊ သာကေတ မြို့နယ် သံဃာဝန်ဆောင် အဖွဲ့ဝင်ဆရာတော်များ၊ ခရိုင်သာသနာရေးမှူး ဦးဌေးလွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်တို့ တက်ရောက်ခဲ့ကြသည်။