ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိစက်မှုဇုံများတွင် လုပ်ငန်းများ ပုံမှန်လည်ပတ်ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေး

ဒဂုံတောင် ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိစက်မှုဇုံများတွင် လုပ်ငန်းများ ပုံမှန်လည်ပတ်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်၊၊

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စက်မှုဇုန်များအတွင်း လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက် လျက်ရှိသော အထည်ချုပ်စက်ရုံ၊ ပေါင်မုံ့စက်ရုံ၊ ဆေးဆိုးပန်းရိုက်စက်ရုံ၊ အအေးခန်းစက်ရုံ၊ ပလပ်စတစ်စက်ရုံ၊ ဖိနပ်စက်ရုံ၊ ရေသန့်စက်ရုံများအား အဖွဲ့များခွဲ၍ ကွင်းဆင်း စစ်ဆေးခဲ့ရာ စက်ရုံများအား ပုံမှန်ဖွင့်လှစ် ထားရှိပြီး ဝန်ထမ်းများက လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ စက်မှုဇုန် (၁)၊(၂)၊(၃)နှင့် ရွာသာကြီးစက်မှုဇုန် (အကြီးစား၊ အလတ်စား၊ အသေးစား) စက်မှုဇုန်(၄)ခုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်း၍ အဖွဲ့များခွဲကာ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းသန်းအေး