ငပုတော ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ အုန်းပင်စုကျေးရွာအုပ်စု၊ အုန်းပင်စု ကျေးရွာတွင် ကျေးလက်လမ်း ဦးစီးဌာနမှ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲနှင့် ကံစုကျေးရွာတွင် ဓါတ်မြေသြဇာပေးအပ်ပွဲနှင့် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်ခဲ့သော မြို့တွင်း လမ်းဖြစ်သည့် ဥယျာဉ်ကုန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဆောင်ရွက်ခဲ့သည်။
ငပုတောမြို့နယ်၊ အုန်းပင်စုကျေးရွာအုပ်စု အုန်းပင်စုလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီကဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် အုန်းပင်စုကျေးရွာအုပ်စု ကံစုကျေးရွာတွင် တောင်သူ ၃၀ ဦးအား ဓါတ်မြေ သြ ဇာအိတ် ၅၀ အိတ်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ငပုတောမြို့ အရှေ့ပိုင်းရပ်ကွက်၊ ဥယျာဉ် ကုန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနား သို့ တက်ရောက်ခဲ့သည်။
လမ်းသစ်ဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တစ်နေရာနှင့် တစ်နေရာ၊ တစ်ရပ်ကွက်နှင့် တစ်ရပ်ကွက် ကူးလူးဆက်သွယ် သွားလာနိုင်ရန်အတွက် မြို့တွင်း လမ်းကောင်းမွန် ချောမွေ့မှုသည် အဓိကကျသည့် အခန်းကဏ္ဍ ပါဝင်ကြောင်း ကွန်ကရစ်လမ်းများအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သောကြောင့် လူမှုဘဝဖွံ့ဖြိုး တိုးတက်လာပြီး စိတ်ချမ်းမြေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြိုတွင်းလမ်းဖြစ်သည့် ဥယျာဉ်ကုန်းလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကွန်ကရစ်လမ်း ခင်းကျင်းဆောင်ရွက်ထားရှိမှုကို ကြည့်ရှုခဲ့ကြသည်။
အဆိုပါ အုန်းပင်စု-သက္ကယ်ချောင်းလမ်းကို ကျေးလက်လမ်း ဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ပြီး အလျား၅၂၈၀ ပေ ၊ အကျယ် ၁၂ ပေ၊ အမြင့် ၇ ပေ ဖြစ်ပြီးကုန်ကျစရိတ်မှာ (၂၅၅.၀၁၆) သန်းဖြစ်သည်။ ဥယျာဥ်ကုန်းလမ်းမှာ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် ( ၆ )လ ကာလအတွင်း ငပုတောမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သော ၂၀၁၉၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် အလျား ၃၀၀ ပေ ၊ အကျယ် ၁၂ ပေ ၊ အမြင့် ၆ လက်မ နှင့် ၂၀၂၁- ၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် အလျှား ၃၀၀ ပေ ၊ အကျယ် ၁၂ ပေနှင့် အမြင့် ၆ လက်မ ဖြစ်ပြီး ၂၀၂၁- ၂၀၂၂ ဘဏ္ဍာ ရေးနှစ်တွင် အလျား ၅၃၀ ပေ ၊ အကျယ် ၁၂ ပေ ၊ အမြင့် ၆ လက်မ စုစုပေါင်း လမ်းအရှည်မှာ ၁၁၃၀ ပေ ဖြစ် ပြီးကုန် ကြငွေမှာကျပ်(၂၄၀.၆၈၂၅) သိန်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်၊၊
မြို့နယ်(ပြန်/ဆက်)