တောင်ကုတ် ဖေဖေါ်ဝါရီ ၁
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တောင်ကုတ်တပ်နယ်မှ မိသားစု ဝင်များ၊ စေတနာရှင်ပြည်သူများပူးပေါင်း၍ ဆွမ်းဆန်တော်လောင်းလှူပွဲကို ဖေဖေါ်ဝါရီ(၁) ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူလာရာတွင် မြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာ များရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်များ၊ ရဟန်း၊ သာမဏေ(၂၈၈)ပါးမှ သိမ်တောင်ရပ်ကွက်၊ စိတ္တသုခကျောင်းရှေ့မှစတင်၍ ဦးဥတ္တမလမ်းအတိုင်း ကြွချီခဲ့ကြရာ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့များ၊ တောင်ကုတ်တပ်နယ်မှ မိသားစုဝင်များနှင့် ပြည်သူများမှ လမ်းတစ်လျှောက်ရှိ စုရပ်များအလိုက် ဆွမ်းဆန်တော်နှင့်လှူဘွယ်ဝတ္တုများကို ကပ်လှူခဲ့ကြပြီး စုစုပေါင်းခန့်မှန်းတန်ဖိုးမှာငွေကျပ်(၄၂၇၇၆၀၀)တန်ဖိုးရှိကြောင်းသိရသည်။
စန်းဝင်း(ပြန်/ဆက်)