မင်းတုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးစစ်ဆေး

မင်းတုန်း ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဟန်ဇာကျော်နှင့် တပ်ဖွဲ့ဝင်(၅)ဦးက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးလုံခြုံရေးအတွက်ထားရှိသည့် မီးသတ်ဆေးဘူးများ၊ အပေါ့စားမီးသတ်စက်များ၊ Foam အမြုပ်ဆေးရည်များ ကောင်းမွန်မှုရှိမရှိ၊ ရေရရှိရေးစနစ်များ၊ မီးသတိပေးဆိုင်းဘုတ်များနှင့် စက်သုံးဆီသိုလှောင်ကန်များစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား အကြံပြုခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)