သတင်းများ

မိုးနဲမြို့နယ်၌ (၄၁)ကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
Jan 27,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မပါလ စာမေးစာပြန်ပွဲတော်နှင့် ဘွဲ့ရအရှင်သူမြတ်နှစ်ပါးအား ဂုဏ်ပြုပူဇော်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေး‌နွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က နာဟောင်ရပ်ကွက်ရှိ ရွှေကျောင်းတော်ကျောင်းတိုက်နေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ  မြို့နယ်သံဃာနာယကဥက္ကဋ္ဌဆရာတော်၊ စာမေးစာဖြေသံဃာတော်များနှင့် ဘွဲ့ရအရှင်သူမြတ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်ဂေါပကဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြသည်။
ပခုက္ကူမြို့နယ်တွင် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များ စျေးပြိုင်စနစ်ဖြင့် လေလံတင် ရောင်းချ
Jan 27,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တစ်နှစ်တာကာလအတွက် အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များအား စျေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။
မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာ၌ ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပ
Jan 27,2025
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှပြုလုပ်သော ရာသီဥတုပြောင်းလဲမှု၊ သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာ၊ ဘုရားကြီးဘုန်းကြီးကျောင်းဝင်းဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ Club အဖွဲ့ဝင်များပူးပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်
Jan 27,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Youth Club အဖွဲ့နှင့် Book Club အဖွဲ့ဝင်များပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် အတွဲ (၅၀) အမှတ် (၁) စာအုပ်ကို စာဖတ်ဝိုင်း ကျင်းပဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့နယ်၌ မြို့မဈေးကြီးအတွင်း လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 27,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအတွင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာနှင့် ဈေးတာဝန်တို့မှ ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တောင်တွင်းကြီးမြို့ မြို့မဈေးအတွင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းနှင့် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jan 27,2025
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျှော့နည်းသုံးစွဲစေရန်ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး၊ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း (Campaign) နှင့် ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၇)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။
နတ်မောက်မြို့၌ ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြော
Jan 27,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ အသက် (၁) နှစ်မှ (၅) နှစ်အရွယ် ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့သည်။
ဇေယျာသီရိမြို့နယ်၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jan 27,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အတွင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။