ကော့ကရိတ်မြို့၌ မိသားစုအပိုဝင်ငွေရရှိစေ‌ရေးအတွက် တစ်နိုင်တစ်ပိုင် စားဖိုဆောင်သီးနှံ များစိုက်ပျိုး

ကော့ကရိတ် ဇန်နဝါရီ ၂၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ အမှတ်()ရပ်ကွက်တွင်နေထိုင်သည့် စိုက်ပျိုး​ရေးလုပ်ငန်းလုပ်​ကိုင်ကြသည့်​တောင်သူများသည် မိသားစုစားဝတ်နေရေးအတွက် မိမိတို့၏နေအိမ်ခြံဝန်းမြေကွက်လပ်၌ စားဖိုဆောင်သုံးဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြသဖြင့် မိသားစုများ နေ့စဉ်ပုံမှန် အပိုဝင်‌ငွေရရှိလျက်ရှိကြောင်း သိရသည်။

အဆိုပါ တစ်နိုင်တစ်ပိုင်စိုက်ပျိုး​ရေးလုပ်ကိုင်သူများသည် အိမ်ရှိမြေကွက်လပ်များ၌ ဥမုန်လာ၊ ကန်စွန်း၊ ခဝဲ၊ ပဲသီး၊ချဉ်ပေါင်ပင်နှင့် အခြားဟင်းရွက်များကို ရာသီအလိုက်စိုက်ပျိုးကြပြီး အပင်များ ရှင်သန်ကြီးထွားလာစေရေး၊ ပိုးမွှားအန္တရာယ်များကင်းဝေးစေရေးအတွက် သဘာဝမြေဩဇာများကျွေးခြင်း၊ ပိုးသတ်ဆေးများပက်ဖျန်းပေးခြင်း၊ ပြုစုပေါင်းသင်စိုက်ပျိုးလျက်ရှိရာ ထွက်ရှိလာသည့် ဟင်းသီးဟင်းရွက်များကို စားသုံးခြင်း၊ လက်ဆောင်ပေးခြင်း၊ ​ကေ့ာကရိတ်မြို့မ​ဈေးတွင် ​ရောင်းချခြင်း၊ ခြံတွင်းသို့ကိုယ်တိုင်လာရောက်ဝယ်ယူခြင်းလည်းရှိကြောင်း ထိုသို့စိုက်ပျိုး​ရောင်းချခြင်းဖြင့်​ မိသားစုစားဝတ်​နေ​ရေးအတွက် အပိုဝင်​ငွေရရှိပါ​ကြောင်း ဟင်းသီးဟင်းရွက် စိုက်ပျိုးတောင်သူတစ်ဦးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)