သတင်းများ

မိုးညှင်းမြို့ အ.ထ.က (၁) ၌ ရွှေတံဆိပ်များ ဆုရှင်တို့မှ မြန်မာ့ရိုးရာဝိုင်းခြင်းနှင့် တပင်တိုင်ခြင်းလုံးဖြင့် သရုပ်ပြသ
Jan 23,2025
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် မန္တလေးတိုင်း လက်ရွေးစင် ရွှေတံဆိပ်များ ဆုရှင်တို့မှ မြန်မာ့ရိုးရာဝိုင်းခြင်းအလှခတ်ကစားခြင်းနှင့် တပင်တိုင်ခြင်းလုံး အလှခတ်ကစားကြခြင်းကို ယမန်နေ့မွန်းလွဲ (၂) နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မြက်ခင်းကွင်းပြင်၌ သရုပ်ပြသခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ကျောင်းသား/သူများဖြင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Jan 23,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး မူလတန်းအဆင့် ကျောင်းသား/သူများဖြင့်  ဆေးရောင်ခြယ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန  (Community Centre)ခန်းမ ကလေးစာဖတ်ခန်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ရွှေဘိုသူနာပြုသင်တန်း​ကျောင်း၌မီးဘေးလုံခြုံရေး၊ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများဆောင်ရွက်
Jan 23,2025
စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်မီးသတ်ဦးစီးဌာနမှ မြို့နယ်တွင်းမီးဘေးလုံခြုံစေရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့နံနက်ပိုင်းက ​ရွေဘိုသူနာပြုသင်တန်းကျောင်းတွင်ပြုလုပ်ခဲ့ရာ ခရိုင်မီးသတ်ဦးစီးမှူးဦး​အေးမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူးဦး​အောင်မြတ်တိုးနှင့် ဝန်ထမ်းများကမီးဘေးအသိ မီးဘေးသတိရှိစေရေး မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ပေးနေမှုနှင့် မီးငြှိမ်းသတ်ရေး ပစ္စည်းများအကြောင်းနှင့် အသုံးပြုပုံများ၊ ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းဆောင်ရွက်ရာတွင်အသုံးပြုသည့် ခေတ်မီစက်ကိရိယာပစ္စည်းများ အ‌ကြောင်းကိုရှင်းလင်းပြောကြားပြီး ပြသပေးခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌဖလား Tourism golf tournament ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ
Jan 23,2025
၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့က မကွေးမြို့ ဖန်ခါးမြေဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံဟော်တယ်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များ၊ ဂေါက်သီးရိုက် အားကစားဝါသနာရှင်များနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိုင်းကြီးကျွန်းမြို့၌ ဆောင်းသီးနှံနေကြာစိုက်ပျိုးဖြစ်ထွန်းနေမှုအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေး
Jan 23,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် ပြည်သူများ စာသုံးဆီဖူလုံစေရေးနှင့် ဒေသခံတောင်သူများ စပါးအပြင်ဆီထွက်သီးနှံ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိစေရေး ရည်ရွယ်၍ ဆောင်းသီးနှံနေကြာများ စိုက်ပျိုးထားရှိရာ အဆိုပါသီးနှံများ စိုက်ပျိုးဖြသ်ထွန်းနေမှု အခြေအနေအား ယမန်နေ့နံနက်(၀၉း၀၀)နာရီအချိန်က မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းစံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jan 23,2025
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များတွင် အသံချဲ့စက်ဖြင့် ဆော်ဩခြင်းများ လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ်၊ အမှတ် (၃) အခြေခံ ပညာအထက်တန်း‌ကျောင်းတွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Jan 23,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းတွင် ယမန်နေ့နံနက် (၁၁) နာရီခွဲအချိန်က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့တွင် (၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲကျင်းပ
Jan 23,2025
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်ရှိ၊ မြို့မအားကစားကွင်း၌ ယနေ့မွန်းလွဲပိုင်းကကျင်းပပြုလုပ်ခဲ့သည်။