သတင်းများ

တနိုင်းမြို့နယ် မူလွန်-ပုန်ခုန်းကျောင်း၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ
Jan 22,2025
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့ရှိ တနိုင်းမူလွန်-ပုန်ခုန်းကျောင်း၌ ယမန်နေ့နံနက်(၉) နာရီခွဲက (၂၀၂၄-၂၀၂၅) ပညာသင်နှစ်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လွိုင်ကော်)၊ အမှတ်စဉ်(၃၁) သူနာပြုနှင့်သားဖွားဒီပလိုမာသင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ
Jan 22,2025
ကယားပြည်နယ်၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း(လွိုင်ကော်) ၂၀၂၅ ပညာသင်နှစ်၊ အမှတ်စဉ်(၃၁) သူနာပြုနှင့်သားဖွားဒီပလိုမာ(၃)နှစ်သင်တန်း မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက်က သင်တန်းကျောင်းခန်းမ၌ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။ 
ပျော်ဘွယ်မြို့နယ်တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 22,2025
ပျော်ဘွယ်မြို့နယ်တွင် လေပြင်းဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၅)သို့တက်ရောက်
Jan 22,2025
တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၅)ကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဟင်္သာတမြို့ ရွှေလမင်းဆေးရုံကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်
Jan 22,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ယနေ့မွန်းလွဲ(၃)နာရီက ရွှေလမင်းအထူးကုဆေးရုံကြီးတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့် အရေးပေါ်မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်၊ အ-ထ-က ၃၉ ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 22,2025
မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါမြို့နယ်ရှိ အ-ထ-က -၃၉ ကျောင်းခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲများဖွင့်ပွဲ၊ ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jan 22,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြစ်ကြီးနားတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ(ဘောလုံး၊ဘောလီဘော၊ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ကြက်တောင်)ဖွင့်ပွဲအခမ်းအနားနှင့် ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားပေးနိုင်ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းနိုင်ရေး အတွက် ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြစ်ကြီးနားမြို့၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဗိုလ်တထောင်မြို့နယ်၌ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ 
Jan 22,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်များ အသိပညာ၊ အတွေးအခေါ်များပြည့်ဝစေပြီး စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်၊  ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း‌ ‌သဇင်ခန်းမ၌ ကျင်းပခဲ့သည်။