ဒလ ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် တုံးတင်ဂံ (တောင်) ကျေးရွာရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က ဒက္ခိဏာရာမကျောင်းတိုက်ဓမ္မာရုံ၌ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကုသဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို ဆေးကုသဆောင်ရွက်ပေးရာတွင် သံဃာတော် (၅) ပါးအပါအ၀င် ကျား (၅၆) ဦး၊ မ (၉၄) ဦး စုစုပေါင်း(၁၅၅)ဦးတို့ကို ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြောရောဂါ၊ သွားနှင့်ခံတွင်း ရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၁) ဗိုလ်မှူး ပြည့်ဖြိုးဟန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်မင်းဦး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် (၂) ဦးရွှေလှိုင်၊ မြို့နယ်လ၀ကဦးစီးမှူး ဦးအောင်သင်းကျော်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူများကသွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များဆောင်ရွက်ပေးခဲ့သည်။ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ တာဝန်ရှိသူများက ဒက္ခိဏာရာမကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဦး၀ရသာမိထံ လှူဖွယ်၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဒေသခံပြည်သူများကို ယနေ့ နေလည် ၂ နာရီအထိ ဆက်လက်ဆေးကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)