ပေါင် ဇန်နဝါရီ ၂၃
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက မီးသတ်ဦးစီးဌာန ဇင်းကျိုက်မြို့နယ်မြေစခန်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးမြတ်ကိုကိုက သဘာဝဘေးဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးနှင့် ပိတ်မိနေသူများအား ကယ်ထုတ်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား ကြက်ခြေနီအသင်းနှင့် ပူးပေါင်းပြီး ရှေးဦးပြုစုခြင်းများ ဆောင်ရွက်ခြင်း၊ မီးဘေးကြုံတွေ့လာပါက မီးငြိမ်းသတ်နိုင်အောင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ဟောပြောခဲ့ပြီး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးဌာမှ ဦးစီးအရာရှိ ဦးမြတ်ကိုကိုနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးဝေတိုးအောင်နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့ပေါ် (၄) ရပ်ကွက်ရှိ ပြည်သူများ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
မွန်မလေး (ပြန်/ဆက်)