ဟုမ္မလင်းမြို့တွင် (၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲကျင်းပ

ဟုမ္မလင်း ဇန်နဝါရီ ၂၃

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ နောင်ပကျစ်ရပ်ကွက်ရှိ၊ မြို့မအားကစားကွင်း၌ ယနေ့မွန်းလွဲပိုင်းကကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် ဒုတိယဗိုလ်မှူးကြီး ဇော်မင်းထွန်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖဲ့ဥက္ကဋ္ဌဦးရဲဝင်း၊ မြိုးနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ပြိုင်ပွဲဝင်ကော်မတီများ၊ ပြိုင်ပွဲဝင်ဘောလုံးအသင်းများနှင့် အားကစားသမားများ၊ ကြည့်ရှုအားပေးသည့်ပရိတ်သတ်များစုစုပေါင်း (၁၀၀၀) ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင်အားကစားသမားများနှင့် တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး၊ စစ်ကြောင်းမှူးကဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဇော်အား ချီတက်အလေးပြု၍၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ယင်းနောက် ပြိုင်ပွဲဝင်အားကစားသမားများက၊ အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခြင်း၊ တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများ၊ကို ကွင်းအတွင်းသို့လိုက်လံနုတ်ဆက်ခဲ့ကြပြီး (အ.ထ.က-၂) မှ ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့က အကအလှများဖြင့်လည်းကောင်း (အ.ထ.က-၁) ကျောင်းသူများက၊ ကဗျာလွတ်အကဖြင့်လည်းကောင်းအသီးသီး၊‌ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တာဝန်ရှိသူများက ဘင်ခရာအဖွဲ့နှင့်ပန်းပွားအဖွဲ့၊ ဆိုင်းပုဒ်ကိုင်အဖွဲ့၊ ကဗျာလွတ်အကအဖွဲ့နှင့် ကွင်းအတွင်းတာဝန်ယူဆောင်ရွက်မည့် ကျန်းမာရေးအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဟုမ္မလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အလွတ်တန်းဘောလုံးပြိုင်ပွဲဖွင့်ပွဲ၊ ပွဲစဉ်အဖြစ် ဟုမ္မလင်းမြို့နယ်ဌာနဆိုင်ရာအသင်းနှင့် ဟုမ္မလင်းမြို့နယ်အမျိုးသမီးပညာ ရေး‌အသင်းတို့ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ပြိုင်ပွဲဝင် (၂၃) သင်း၊ ပါဝင်ယှဥ်ပြိင်သူ (၄၁၄) ဦးဖြင့် ဇန်နဝါရီလ (၂၂) ရက်မှဖေဖော်ဝါရီ (၉) ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရှိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)