ဒဂုံ ဇန်နဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်းတွင် ယမန်နေ့နံနက် (၁၁) နာရီခွဲအချိန်က (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ထက်တန်းပြဆရာမ ဒေါ်ကြူမာဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့အေးမှ ပြည်ထောင်စုနေ့ စတင်ဖြစ်ပေါ်လာသည့် ပင်လုံစာချုပ်အကြောင်း၊ ပင်လုံစာချုပ်တွင် ပါ၀င်လက်မှတ်ရေးထိုးခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသား (၂၂) ဦးတို့၏အမည်များနှင့် ပြည်ထောင်စုတိုင်းရင်းသားများအားလုံးထားရှိရမည့် ပြည်ထောင်စုစိတ်ဓာတ်အကြောင်းကို ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် အထက်တန်းပြဆရာမ ဒေါ်မြင့်မြင့်ခိုင်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါကျောင်းတွင် မေရီချက်(ပ်)မင်းကျောင်းမှ ကျောင်း သား၊ကျောင်းသူများ ပါဝင်တက်ရောက်ပညာသင်ကြားနေသောကျောင်းဖြစ်သဖြင့် အကြားအာရုံမသန်စွမ်းသော ကျောင်းသား၊ ကျောင်းသူများကို ဆရာမဒေါ်ဂျက်နက်မှ လက်ဟန်ပြဘာသာစကားဖြင့် ဟောပြောမှုကို ဘာသာပြန်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြသထားသော နံရံကပ်ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါ၀င်စားစွာ ကြည့်ရှု့ခဲ့ကြသည်။ အခမ်းအနားတက်ရောက်သူ ကျောင်းသား၊ ကျောင်းသူ (၁၆၀) ဦးရှိကြောင်း သိရသည်။
လဲ့လဲ့(ပြန်/ဆက်)