ကျွန်းလှ ဇန်နဝါရီ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးကောင်းမွန်ပြီး မွေးဖွားလာမည့် ကလေးငယ်များ ရောဂါဘယကင်းစင်စေရန် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ အပတ်စဉ်ဆောင်ရွက်ပေးကြောင်း သိရသည်။
“ကျွန်းလှမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များကို ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် လစဉ် ဆုံဆို့၊ မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ခြင်း၊ သွေးပေါင်တိုင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်း၊ ကလေးအနေအထား မှန်မမှန်စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျွန်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ