မင်းတုန်းမြို့နယ်တွင် ပလပ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေး လှုပ်ရှားမှုပြုလုပ်

မင်းတုန်း ဇူလိုင် ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့၊ အမှတ်(၂)ရက်ကွက်ရှိ စျေးနှင့် အမှတ်(၄)ရပ်ကွက်ရှိ စည်ပင်သာယာစျေးကြီးတွင် ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ပလပ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပလပ်စတစ်အိတ်သုံးစွဲမှုလျှော့ချရေးလှုပ်ရှားမှုပြုလုပ်ရာတွင် ပလပ်စတစ်ကင်းစင်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန်ဝေခဲ့ကြပြီး ပလပ်စတစ်အိတ်အစားထိုး ဖက်ရွက်များပေးအပ်ခဲ့ကြသည်။ ဆက်လက်ပြီး စျေးအတွင်းရောင်းချနေသော အစားအသောက်များ၊ ကုန်စိမ်းများနှင့်ကုန်ခြောက်များ သန့်ရှင်းသပ်ရပ်မှုနှင့် ကျန်းမာရေးနှင့်ညီညွတ်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းနှင့် အမှုဆောင်အရာရှိ ဦးသက်နိုင်တို့က စစ်ဆေးပြီး စျေးသူ၊စျေးသားများအား အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချင်းကလေး(NRDC)