ကော့မှူး ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ကော့မှူးမြို့နယ်လက်ခိုက်ကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ယနေ့ညနေ(၃)နာရီအချိန်ခန့်က သစ်ပင်လဲပြိုမှုဖြစ်ပွားကြောင်း းသိရသည်။
ဖြစ်စဉ်မှာလက်ခိုက်ကျေးရွာ ကော့မှူး-ကွမ်းခြံကုန်း ကားလမ်းဘေးရှိလုံးပတ် (၃)ပေခန့်ရှိသော ကုက္ကိုပင် သည်ကားလမ်းမပေါ်သို့လဲကျနေသဖြင့် မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးကျော်ကျော်လှိုင်နှင့် ဝန်ထမ်းများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများ စုပေါင်း၍ ယာဉ်စက်ယန္တရားများဖြင့် ခုတ်ထွင်ရှင်းလင်းမှုများဆောင်ရွက်ပေးခဲ့ပြီး အဆိုပါဖြစ်စဉ်အတွင်း လူ နှင့်တိရစ္ဆာန်ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)